ရန်ကုန် မေ ၃၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(၂)သန်လျင် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များနှင့် မြို့နယ်အတွင်း ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အလှူရှင်များက ကျောင်းသားကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ကြသည်။ ယင်းနောက် ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက်)