တံတားမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

တံတား မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၉) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး  နံရံကပ်စာစောင်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစာစောင်များ၊ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးစာစောင်များ၊ ရေဘေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးစာစောင်များကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် မှတ်သားလိုက်နာနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် မကျရောက်မီ မိသားစုကြိုတင်ပြင်ဆင်မှုအစီအစဉ်များ ပြုလုပ်ထားရန်၊ ကျရောက်လာပါက သတိပြုလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အကြောင်းများကို သတိပေးပြသထားခဲ့ရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)