ကျောက်တန်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် သက်တမ်းတိုးခြင်းအား လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ၊ သီလဝါဆိပ်ကမ်းဒေသမြေကွက်အမှတ်(၁၅/၁၆)ရှိ ELITE PETROL CHEMICAL Co,Ltd ၌ ( ၂၉.၅.၂ဝ၂၄ ) ရက်နေ့ နံနက် ( ၈ ) နာရီအချိန်မှ စတင်ဆောင်ရွက်ပေးခဲ့သည်။
မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် (Fire Safety Certificate)တတိယအကြိမ်မြောက် သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက် လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှအဖွဲ့နှင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးထင်အောင်လင်း ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)