မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်၌ လူထုဖြန့်ဝေမည့် သစ်ပင်ပျိုးပင်ပေါင်း (၉ဝဝဝဝ) ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိ

မိတ္ထီလာ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျာဉ်၌ လူထုထံဖြန့်ဝေမည့် သစ်ပင်ပျိုးပင်ပေါင်း (၉ဝဝဝဝ) အား ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံက သိရသည်။

၂ဝ၂၄ ခုနှစ် မိုးရာသီအတွက် မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်မှာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လူထုထံဖြန့်ဝေစိုက်ပျိုးမည့် သစ်ပင်ပျိုးပင်ပေါင်း (၉ဝဝဝဝ) စိုက်ပျိုးပျိုးထောင်ထားရှိပြီး လက်ရှိတွင် ဆက်သွယ်ပြီး သစ်ပင်ပျိုးပင်များ လာရောက်ယူဆောင်သော ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများထံသို့ ဖြန့်ဝေပေးလျက်ရှိပါသည်။

အဆိုပါ ပျိုးထောင်ထားရှိသည့် သစ်ပင်ပျိုးပင်များမှာ တမာ (၁၇ဝဝဝ) ပင်၊ စိန်ပန်း (၁၂ဝဝဝ) ပင်၊ တပေဘူတ (၁၁ဝဝဝ) ပင်၊ မန်ကျည်း (၁ဝဝဝဝ) ပင်၊ မယ်ဇလီ (၉ဝဝဝ) ပင်၊ ကုက္ကို ၉၈ဝဝဝ) ပင်၊ ဗန်ဒါ (၆ဝဝဝ) ပင်၊ ရင်းမာ (၆ဝဝဝ) ပင်၊ ယူကလစ် (၅ဝဝဝ) ပင်၊ ရေတမာ (၃ဝဝဝ) ပင်နှင့် စိန်တံချူ (၃ဝဝဝ) ပင်ဖြစ်ပြီး စုစုပေါင်း သစ်ပင် ပျိုးပင်ပေါင်း (၉ဝဝဝဝ) ကို စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။

ထို့ကြောင့် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် လာမည့် ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို လိန်တောကျေးရွာ အနီးတွင်ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ