Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်၌ အများပြည်သူများ အသွားအလာများသည့် လူစည်ကားရာနေရာများတွင် မြေစိုက်ပိုစတာ ဆိုင်းဘုတ်များစိုက်ထူ
Jun 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်လဝကဦးစီးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမထောင့်ရှိ မြို့အဝင်မီးပွိုင့်အနီး၌ ယနေ့နံနက် ၀၉း၀၀ နာရီအချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးဉာဏ်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်း (၂၅၉)ကျောင်း စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်(၉)အချိန်တွင် အခြေခံပညာကျောင်းများ စတင်သင်ကြားပေးလျက်ရှိရာ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅၉)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအားလုံး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း ပုံမှန်ကျောင်းဖွင့်ချိန်မှစ၍ ဖွင့်လှစ်ပညာသင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ဇွန်လ ၃ ရက်နေ့မှစတင်၍ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်မှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 03,2024
တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5921
Page
5922
Page
5923
Page
5924
Current page
5925
Page
5926
Page
5927
Page
5928
Page
5929
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department