အမြို့မြို့အနယ်နယ်သတင်းများ

Jun 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက  စာပေချစ်မြတ်နိုးသူများ Book Club၊ Woman Club၊ Youth Club အဖွဲ့ဝင်များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Jun 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်နှင့် ဘွဲ့ရသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
Jun 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များက ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
Jun 04,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် တိုင်း၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) သို့ရောက်ရှိလာရာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမင်း၊ ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Jun 04,2024
ရေနံချောင်းတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ကြီးမှူးကျင်းပသည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း(အခြေခံအဆင့်)Certificate in English Proficiency Course (Foundation Level)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ သင်တန်းစီမံဌာနများမှ အရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
Jun 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးရုံး၊ စာရင်းစစ်ရုံးနှင့် အမှတ် (၁) ရပ်ကွက်များသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
Jun 04,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
Jun 04,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။