တောင်ငူ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး စာရင်းရှိကျောင်းသား (၅၀၂)ဦး၊ ကျောင်းသူ (၄၀၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၉၀၂)ဦး ကျောင်းအပ်နှံသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)