မချမ်းဘောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မချမ်းဘော ဇွန် ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။

မချမ်းဘောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁) ကျောင်း အခြေခံပညာကျောင်းစုစုပေါင်း (၃၄)ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူ (၁၅၆၇) ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆၆၆)ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၂၄၆) ဦး စုစုပေါင်း (၂၄၇၉)ဦး တက်ရောက်ပညာသင်ကြယူလျက်ရှိကြောင်း သိရ သည်။

ယောရွှေနီ(မချမ်းဘော)