ကြံခင်း မေ ၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် တိုင်း၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) သို့ရောက်ရှိလာရာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမင်း၊ ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဇွန်လ (၃) ရက်နေ့က စတင်ဖွင့်လှစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေးနှင့် စဉ်ဆက်မပြတ် အတန်းကူးပြောင်းနိုင်ရေးအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) ၌ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားခြင်းကိုကြည့်ရှုအားပေးပြီး ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာသင်ကြားရာတွင် ခက်ခဲမှုမရှိစေရေးတာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးကာ စာရေးကိရိယာများထောက်ပံ့ပေးအပ်ပြီးနောက် စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ လက်တွေ့သင်ကြားပြသခန်းများနှင့်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)