နောင်တရား ဇွန် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များက ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်တရားမြို့ သဘာဝ မြေဩစက်ရုံ တည်ဆောက်မှုအခြေအနေများကို ကြည့်ရှုကာ စက်ရုံရှင်းလင်းဆောင်၌ နောင်တရားမြို့ အာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက တစ်သျှူးကာချားနှင့် ဖြင့်အာလူးမျိုးပွားခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် အာလူး အအေးခန်းစက်ရုံလည်ပတ်နေမှုနှင့် လိုအပ်ချုက်များကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ မယ့်ဖါးလုံဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံစီမံကိန်းညွှန်ကြားရေးမှူး ဦးခန့်အောင်က မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ စီမံကိန်းဒေသအတွင်းရှိ ကျေးရွာများ၌ ရေရရှိရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ဆဲ၊ ထပ်မံဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်တရားအာလူးအအေးခန်းစက်ရုံ လည်ပတ်နေမှုအခြေအနေများကိုလည်းကောင်း၊ နောင်တရားလက်ဖက်အခြောက်ခံစက်ရုံ လည်ပတ်နေမှုအခြေအနေများကို လည်းကောင်း၊ တီကျစ်ကျေးရွာ၌ ဧဒင်ကုမ္ပဏီမှ ထုတ်လုပ်နေသည့် ကျောက်မီးသွေးသတ္ထုတွင်းကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)