ပြည်မြို့ ရပ်ကွက်/ကျေးရွာပြည်သူများအား ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်၍ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပြည် ဇွန် ၁၁

မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြုမူနေထိုင် လုပ်ကိုင်ဆောင်ရွက်သင့်သည့် အချက်များကို ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ နေပြည်သူများအား အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါဌာနမှ ခရိုင်ဦးစီးမှူး‌ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများအဖွဲ့က နှစ်စဉ်မိုးတွင်းကာလ၌ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော ပြည်မြို့နယ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာများဖြစ်သည့် နဝင်းရပ်ကွက်၊ ဖိုးခေါင်ရပ်ကွက်၊ အနောက်လက်ခုပ်ပင်‌ကျေးရွာ၊ ကင်းချောင်းကျေးရွာနှင့် ရှမ်းစုကျေးရွာတို့သို့သွားရောက်၍ အသံချဲ့စက်ဖြင့် ရေဘေးနှင့်မြေပြို ဘေးကြိုတင်ကာကွယ်ရေး လိုက်လံသတိပေးနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)