မိုးကုတ် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ နယ်၊ သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ “၂၀၂၄ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ”ကို ယနေ့ နံနက် ၈ နာရီအချိန်က ညောင်သုံးပင်ကျောင်းတိုက်၊ မြို့မရပ်ကွက်၊ ညောင်သုံးပင်ရပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်သူရွှေနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဝင်းခိုင်ဖြိုးတို့က တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်၍ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား(၃၅၀)ဦး ဖြင့် ခါတော်မီ၊ ရေသင်းဝင်၊ ထင်းရှုး၊ ချယ်ရီ၊စိန်ပန်းပြာ စသည့် ပျိုးပင်မျိုးစုံ(၃၅၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)
 
     
    