အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2024
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။
Jun 12,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအကြောင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်‌အုပ်ချုပ်‌ရေးမှူးများနှင့်ရပ်ကျေးစာရေးများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Jun 12,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ခန်းမ၌ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်နယ်မှဖိတ်ကြားထားသော တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jun 12,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးဆီများကို အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ(၁)ပိဿာ ၆၃၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 12,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၏မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး /ခရိုင်/မြို့နယ်/မြို့ရုံးများတွင် တစ်ပြိုက်နက် ထုတ်ပြန်ပေးလျက်ရှိသည်။
Jun 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကြက်ဥ၊ ဘဲဥများကို သတ်မှတ်‌ဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ အရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 12,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။