လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်‌စာရင်းကောက်ယူရေးအသိပညာပေး(Bill Board)စိုက်ထူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်‌စာရင်းကောက်ယူရေးအသိပညာပေး(Bill Board) စိုက်ထူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဇွန်လ ၁၅ ရက်နေ့တွင် ပုသိမ်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်‌စာရင်းကောက်ယူရေး အသိပညာပေး(Bill Board) စိုက်ထူမှာဖြစ်သည့်အတွက် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ တာဝန်ပေးအပ်ထားပါကြောင်း၊ မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်လိုအပ်ချက်များအား ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြ​သည်။ ဇွန်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်‌စာရင်း ကောက်ယူရေးအသိပညာပေး(Bill Board)များအား စိုက်ထူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်