မြစ်သား မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲပြီးမြောက်မှုအခမ်းအနားကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက အခြေခံပညာနှင့်စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲတွင် သင်ကြားခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား ဆရာ၊ ဆရာမများမှ တန်းခွဲများအလိုက်တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)