ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံလျက်

ဘုတ်ပြင်း   မေ   ၂၅

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12  ကျောင်းသားကျောင်းသူများအား  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၅)ရက်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသားကျောင်းသူများ လာရောက် အပ်နှံလျက်ရှိကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိက ကျောင်း အသီးသီးတို့တွင် ကျောင်းအပ်နှံလက်ခံခြင်းကို မေ(၂၅)ရက်မှ ၃၁ရက်အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ KG ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ(၁)စုံ၊ ခဲတံ(၄)ချောင်း၊ Grade(1) မှ Grade-5 အထိ မူလတန်းကျောင်းသားကျောင်းသူများကို ဗလာစာအုပ်(၁)ဒါဇင်၊ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Geade-6 မှ Grade-12  အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများကို ဗလာစာအုပ်(၁)ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်းနှင့်ကျောင်းသုံး ပုံနှိပ်စာအုပ်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များက ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများအား ပညာရေးဌာနမှ အခမဲ့ပေးအပ်သည့်  ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)