မြဝတီ မေ ၂၅
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ (၁၀)မျိုး (၁၀)ပေါင် စားဖိုဆောင် သီးပင်၊စားပင်များ ၊ငွေနှင်းမှို မျိုးထုပ်များပေးအပ်ခြင်းနှင့် လက်တွေ့စိုက်ပျိုးခြင်းပညာပေးကွင်းသရုပ်ပြပွဲကိုယနေ့နံနက် ၁၀နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းရွှေ က (၁၀)မျိုး၊ (၁၀)ပေါင် စားဖိုဆောင်သီးပင်စားပင် မျိုးစေ့များနှင့် ငွေနှင်းမှိုများ စိုက်ပျိုးနည်းအဆင့်ဆင့် နည်းပညာများနှင့် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားစနစ်ကိုအသုံးပြု၍ စိုက်ပျိုးခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၁၀)မျိုး၊ (၁၀)ပေါင် စားဖိုဆောင်သီးပင်စားပင် မျိုးစေ့များနှင့် ငွေနှင်းမှိုမျိုးထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားကို ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးဆောင်၍ စိုက်ပျိုးရေး ဦးစီးဌာနရုံးဝန်ထမ်းများက စားဖိုဆောင်သီးပင်စားပင် မျိုးစေ့များကို လက်တွေ့စိုက်ပျိုး ပညာပေးကွင်းသရုပ်ပြကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)