အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာပြီး ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 20,2024
တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက တံတားဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
Jun 20,2024
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
Jun 20,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Jun 20,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေမှ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း မုရစ်ကြီးအရှေ့ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jun 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ် ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမာမြို့၊ (၄)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jun 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “မူးယစ်အဆိပ်ငွေ့ကင်းစင်မှတိုးပွားရှင်သန် မျိုးဗီဇ”ခေါင်းစဉ်ဖြင့် မန်ကန်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။