ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

ချောင်းဆုံ ဇွန် ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေမှ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း မုရစ်ကြီးအရှေ့ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက စာအုပ် စာပေမှရရှိမည့် အသိပညာဗဟုသုတများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ပညာပေးဟောပြောပြီးနောက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခဲ့ရာ ကျောင်းသား/သူများမှ စာအုပ် စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှု၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)