အမာမြို့၌ မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ် ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမာမြို့၊ ()ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါစာအုပ်များ ငှားရမ်းပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေပြီး စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင် စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း‌‌ပေးခဲ့ရာ စာကြည့်တိုက် အသင်းဝင်()ဦးအား သုတ(၁၃)အုပ်၊ ရသ(၁၁)အုပ်တို့ကို ငှားရမ်းပေးခဲ့ပြီး၊ ယခင်ငှားရမ်းထားသည့် သုတ၊ ရသစာအုပ် စာစောင်များကို စနစ်တကျ ပြန်လည်သိမ်းဆည်းခဲ့ကြောင်းနှင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)