အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
Jun 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသူ/ကျောင်းသားများအား  စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jun 20,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(ကော့ဟပရောက်) စာသင်ကျောင်း၌ ဆောင်ရွက်သည်။
Jun 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က (၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Jun 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)၌ ကျင်းပကြောင်း သိရသည်။
Jun 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရွေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက်(၁၀း၀၀) နာရီအချိန်က အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပခဲ့သည်။