ဟင်္သာတမြို့နယ်၌ ၂၀၂၄-၂၀ ၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါး (ဆင်းသုခ)အမျိုးအစားအား မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးပွဲကျင်းပ

ဟင်္သာတ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ နတ်မော်ကျေးရွာအုပ်စုရှိ တောင်သူ ဦးအောင်ဇင်မျိုး၏ လယ်မြေဧရိယာ (၆) ဧက၊ ကွင်းအမှတ် ၁၅၁၅၊ ဦးပိုင်အမှတ် ၂၉/၃ တွင် ယနေ့နံနက် ၈ နာရီက၂၀၂၄-၂၀ ၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါး (ဆင်းသုခ)အမျိုးအစားအား မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ခရိုင်စိုက်တိုးမြှင့် ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်စိုက်တိုးမြှင့်အတွင်းရေးမှူး ဦးသော်ဇင်မောင်၊ ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စိုက်တိုးမြှင့် ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စိုက်တိုးမြှင့် ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာ စိုက်ပျိုးရေးတာဝန်ခံများနှင့် ဒေသခံတောင်သူများမှ မျိုးစေချကိရိယာ (Drum Seeder)ထဲသို့ မိုးစပါး(ဆင်းသုခ)မျိုးစေ့များအား စနစ်တကျစိုက်ပျိုးနိုင်ရေး သတ်မှတ်အရေအတွက်အလိုက် ထည့်သွင်း ဆောင်ရွက်နေမှုနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် လက်တွေ့ စိုက်ပျိုးဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး၍ တာဝန်ရှိသူများက မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးတာဝန်ခံများအား လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)