မန်ကန် ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “မူးယစ်အဆိပ်ငွေ့ကင်းစင်မှတိုးပွားရှင်သန် မျိုးဗီဇ”ခေါင်းစဉ်ဖြင့် မန်ကန်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောပြီး ပြိုင်ပွဲဝင်စည်းကမ်းများ၊ အမှတ်ပေးစည်းမျဉ်းများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဆု ရကျောင်းသား/သူများကိုသက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အိဇာချို(မန်ကန်၊ပြန်/ဆက်)