အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးမှုမဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဇလွန်မြို့တွင် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးပညာပေးခြင်းကို မြို့အဝင်၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပန်းဘဲစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျ အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အားကစားနှင့်ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2024
ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jun 20,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jun 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းခန်းမ၌ ယနေ့နံနက်ပိုင်းက တောင်သူများ ဆည်ရေရယူစိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်ရေရယူကြရန် အသိပညာပေးခြင်းနှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်(PIM) ဖော်ဆောင်ခြင်းဖြင့် ဆည်ရေပေးဝေမှုကဏ္ဍ တိုးတက်ရေးဆောင်ရွက်မှုများ အသိပညာပေးတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။