ပေါင်းတည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များမှ တစ်ခုဖြစ်သော ဘေးအန္တရာယ်ကျရောက်ခံစားနေရသော ပြည်သူများ၊ ရောဂါဝေဒနာခံစားနေရသော ပြည်သူများနှင့် အခြားလူမှုကိစ္စရပ်များပတ်သက်၍ ခံစားနေရသူ ပြည်သူများအား စိတ်ပိုင်းဆိုင်ရာအားပေးအကူအညီပေးခြင်းအကြောင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းကြက်ခြေနီအသင်းဝင်များအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)