ကျိုက်လတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပန်းဘဲစု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်လတ် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပန်းဘဲစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအာကာဖြိုးမင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များမှ တောမီးလောင်ခြင်းနှင့် တောမီးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ချက်များ၊ သတိပြုလိုက်နာဆောင်ရွက်ရန် အချက်များနှင့် ဖြစ်ပွားပြီးနောက်ဆောင်ရန်၊ ရှောင်ရန်အချက်များအား ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ မုန်တိုင်းဘေး ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

လှိုင်မင်းအောင်