Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတွင် မြန်မာနိုင်ငံသား (၂)ဦး လွှဲပြောင်း/လက်ခံ
Jun 21,2024
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ Pathumthani Welfare Protection Center For Victims of Trafficking in Persons တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ တရားရုံး၌ သက်သေထွက်ဆိုပြီးသော လူကုန်ကူးခံရသူ အမျိုးသား (၂) ဦးအား မြဝတီ-မဲဆောက်လမ်းကြောင်း မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၁၉ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် ဟုမ္မလင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစ…
Jun 21,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများလိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ ၆ မှ တာဝန်ယူတည်ဆောက်နေသည့် အစိုးရနည်းပညာအထက်တန်းကျောင်း ၄ ခန်းတွဲ ၂ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (စလွန်ဖြူ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်လှူဒါန်း
Jun 21,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၄၇)၊ ၇၇ လမ်း၊ ၁၁ လမ်းထောင့်ရှိ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်သို့ စာအုပ်စာစောင်နှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်း၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲ၊ မွေးမြူရေးဘာ…
Jun 21,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်း၌ ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ ကျောင်းသူများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမြေများအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်း ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်းရှိ လယ်မြေများပေါ်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိ…
Jun 21,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများလိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်
Jun 21,2024
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အလုံခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ စီစဥ်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူ
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မှော်ဘီမြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5709
Page
5710
Page
5711
Page
5712
Current page
5713
Page
5714
Page
5715
Page
5716
Page
5717
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department