ဇလွန် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ်အသက်ပေါင်းများစွာ ဆုံးရှုံးမှုမဖြစ်ပေါ်ရေးနှင့် စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ်ကင်းဝေးရေးတို့အတွက် ဇလွန်မြို့တွင် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးပညာပေးခြင်းကို မြို့အဝင်၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုမှ တာဝန်ရှိသူများပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင်ပါရှိရမည့် အချက်အလက်များပြည့်စုံမှု ရှိ/ မရှိကို စစ်ဆေးပြီး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက်လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များအတွင်းအန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင်သွားလာမှုမပြုရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ - ဇလွန်