အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာများနှင့် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြည်တွင်းအခွန်ဦးစီးဌာန၊ မိုင်းဆတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ လွိုင်ကော်မြို့တွင် ပြန်လည်တည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်၍ စာသင်တိုက်အသီးသီးရှိ သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညောဘာသ အားသွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာများ လျောက်ထားကာ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောက်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများကို လိုက်လံကြည့်ရှု၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းနေထိုင်လျက်ရှိသော လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် ပြည်သူများအနေဖြင့် ဓာတ်အားသုံးစွဲခများကို သတ်မှတ်ရက်များအတိုင်းပေးဆောင်ကြရန်၊ ပေးဆောင်ခြင်းပျက်ကွက်ခဲ့ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့တွင် မြို့နယ်လျှပ်စစ်မန်နေဂျာထံမှ သိရှိရသည်။
Jun 21,2024
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
Jun 21,2024
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ဇွန် ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။