အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု  လွယ်ချယ်ဒေသ၊ ကောင်းခဲတောရ တောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ သစ္စာမဏ္ဍိုင် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အထွဋ်တင်လှူပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Jun 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်နှင့် ဝမ်ဟတ်/လင်းခေးလမ်းဆက်သွယ်ထားသည့် နမ့်ယွန်းချောင်းကူးတံတားအား ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ နမ့်ယွန်းချောင်းဘေလီ သစ်သားတံတားမှ သံကူကွန်ကရစ်တံတားအဆင့်မြင့် စတင်တည်ဆောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။
Jun 20,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာထောက်ပံ့ပေးခြင်းနှင့် အာဟာရများတိုက်ကျွေးခြင်းကို ယနေ့က ကဒုံစီးရပ်ကွက်နှင့်ပေါင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
Jun 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉း၃၀)အချိန်က ငါးသိုင်းချောင်းမြို့အ.ထ.က(ငါးသိုင်းချောင်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းဖြင့် သင်တန်းပို့ချသင်ကြားခဲ့ကြောင်း သိရပါသည်။