ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်း

ဟင်္သာတ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမူရေးဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့ပြီး ဟင်္သာတမြို့နယ်အဆင့် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နွယ်သာဂီလမ်းရှိ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)သို့ ရောက်ရှိခဲ့ကြပြီး အပတ်စဉ်(၂၃) သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်သင်တန်းသား/သူ (၉၀)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခြင်း၊ ဆီးမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း၊ ဆုချီးမြှင့်ခြင်းများကို အားပေးကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမူရေးဝန်ကြီး ဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးနိုင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးတို့မှ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် အဆိုပါကျောင်း၌ တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား/သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျေးရွာရှိ အမျိုးသားပညာဝန် ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်သို့ရောက်ရှိခဲ့ပြီး စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးခြင်း၊ စာကြည့်တိုက်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးစာအုပ်/စာစောင်များနှင့် ထောက်ပံ့ငွေ (၃)သိန်းကျပ်အား စာကြည့်တိုက်ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)