မော်လမြိုင်မြို့နယ်၌ (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်

မော်လမြိုင် ဇွန် ၂၇

၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်‌မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများအား ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို သင်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်အသင်းစုဥက္ကဋ္ဌတို့က သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူ (၃၉)ဦးအား သင်တန်းသုံးဗလာစာအုပ်နှင့် ဘောပင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)