ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်နေထိုင်သည့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပုဗ္ဗသီရိ ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ လယ်သာကျေးရွာအတွင်းရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင် နေထိုင်သည့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား အထူးအစီအစဉ်ဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၂၅ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့်တာဝန်ရှိသူများကကြီးကြပ် ပုဗ္ဗသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံပေးကြရာ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင်နေထိုင်သည့် အသက်(၅)နှစ်နှင့် (၁၅)နှစ်ကြား ကလေးငယ်(၂၂၇)ဦးအား တတိယအကြိမ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)