မြန်အောင် ဇွန် ၂၆
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်၍ ယနေ့နေ့လည်က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ ဟောပြောပွဲကို အ.ထ.က (၂) မြန်အောင် (နေခြည်) ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က(၂) မြန်အောင် (နေခြည်) မှ အထက်တန်းပြဆရာမ ဒေါ်ထက်ထက်ဦး ဦးဆောင်၍ Grade- 12 မှ မငွေစုရီမိုးက လူငယ်နှင့်ပညာရေး၊ Grade-12 မှ မသက်ဝေဇင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 မှ မောင်ကောင်းသန့်ဇင်ဟိန်းက လူငယ်နှင့် အားကစား၊ Grade-10မှ မောင်ကောင်းခန့်နိုင်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်/ဆက် ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးသူငယ် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။ လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် လူငယ်ရေးရာ ဟောပြောပွဲသို့ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၂၀၀ ဦး ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)