ရွှေဘို ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၈)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင်ကျင်းပရာ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆင်းတပ်ခွဲများသည် တပ်ခွဲစစ်ရေးပြကွင်းမှ တပ်ရင်းစစ်ရေးပြကွင်းသို့ချီတက်ခဲ့ပြီး နိုင်ငံတော်အလံနှင့် တပ်မှူးအားအလေးပြုခဲ့ပြီးနောက် ကျမ်းသစ္စာ၊ ကတိသစ္စာပြုခဲ့ကြပြီး၊ သင်တန်းတွင် စံပြဆု၊ ထူးချွန်ဆုရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် တပ်မှူးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး တပ်မှူးအား ကျောင်းဆင်းတပ်ခွဲမှ တန်းစိတ်ပုံ၊ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုပြီးထွက်ခွာခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တာဝန်ရှိသူများသည် စားရိပ်သာဆောင်တွင် သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)