စလင်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေး ပူးပေါင်းဆောင်ရွက်

စလင်း ဇွန် ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စလင်းမြို့နယ်အတွင်း နေထိုင်သူများအား အတည်ပြုထားသည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မူကြမ်းပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးဝင်းမြတ်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှဝန်ထမ်းများပူးပေါင်း၍ လူဦးရေစာရင်းမှန်ကန်မှုရှိစေရေး အိမ်ထောင်စုများရှိ မိသားစုဝင်များ မှန်ကန်မှုရှိစေရေးတို့အတွက် ကွန်ပျူတာများဖြင့် စနစ်တကျစီစစ်ပူးပေါင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စလင်း