ထားဝယ် ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ စီမံမှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် စာရေးဆရာမောင်ဖေက စာဖတ်ဖြင်း၏ အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး စာရေးဆရာအန်ကယ်လ်(ပညာ)က ကံ၊ ဉာဏ်၊ ဝိရီယခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံလာစေရေး၊ အသိအလိမ္မာနှင့် ပညာဗဟုသုတများ ရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကိုယ်ပိုင်ကျောင်များမှ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)