Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာသင်တန်း အမှတ်ဥ်(၁၁/၂၀၂၄)ကြိုဆိုပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွ…
Jul 01,2024
ပြည်ပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာသင်တန်း အမှတ်စဥ်(၁၁/၂၀၂၄)ကြိုဆိုပွဲအခမ်းအနားကို ပြည်မြို့ ဗိုလ်ချုပ်လမ်းသီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)၌ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့က ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)ရှိ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်
Jul 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ် အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံများ စိုက်ပျိုးနိုင်ရေး မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
Jul 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူများ စပါးနှင့် အခြားမိုးသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေများကို ဇွန်(၂၀)ရက်နေ့ကစပြီး ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Jul 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်တွင် “စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၁)၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၁ နှင့် ၆၉/၂ ကြားတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့ ပူးပေါင်းဆောင်ရွက်သည့် “စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများအား မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ဇွန်လ ၂၉ ရက်နေ့ နံနက် ၈နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5580
Page
5581
Page
5582
Page
5583
Current page
5584
Page
5585
Page
5586
Page
5587
Page
5588
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department