ပြည် ဇူလိုင် ၁
ပြည်ပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာသင်တန်း အမှတ်စဥ်(၁၁/၂၀၂၄)ကြိုဆိုပွဲအခမ်းအနားကို ပြည်မြို့ ဗိုလ်ချုပ်လမ်းသီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ ပြည်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများက မြကျွန်းညိုညို တက္ကသိုလ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ရတနာပုံတေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး ပြည်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့စိတ်ရင်းမြန်မာရှူခင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ပဲခူးဟုခေါ်ပါသည် တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
လည်းကောင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင် ဇနီးက ပြည်ပညာရေဒီဂရီကောလိပ်ဆရာမကြီးထံ ထောက်ပံငွေသိန်း (၅၀)အားထောက်ပံ့ပေးအပ်ခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကိုစိုး