အမြို့မြို့အနယ်နယ်သတင်းများ

Jul 01,2024
မန္တလေးတိုင်ဒေသကြီး ပြင်ဦးလွင်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးခိုးနှင့် အမှောင်ထုအတွင်း ပိတ်မိနေသော လူနာအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ယာဉ်တိုက်မှုမှ လူနာအားကယ်ဆယ်သရုပ်ပြမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၆)ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပြင်ဦးလွင်တွင် ကျင်းပသည်။
Jul 01,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 01,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေးအတွက် မြို့မစည်ပင်သာယာဈေး အတွင်း/ အပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 01,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ဆိုင်(၃၂)ဆိုင်မှ စားသုံးသူပြည်သူများအား ဧည့်မထ(ဇီယာ)ဆန် တစ်ပြည်ကို (၃၄၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်လ(၁)ရက် နံနက်ပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။
Jul 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက တောမကျေးရွာအုပ်စုမှ တောင်သူ(၁၆၂)ဦးတို့၏ မိုးစပါးစိုက်ဧက(၄၅၇)ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။
Jul 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၄း၀၀ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
Jul 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။