သဲကုန်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယမန်နေ့က ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)ရှိ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာအထက်တန်းကျောင်း(ဆင်မြီးဆွဲ)ရှိ အသက်(၁၈)နှစ်ပြည့်မည့်သူများ၊ အသက် (၁၆)နှင့် (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)