ကျွန်းလှမြို့၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကျွန်းလှ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို  လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးမထိုးနှံမီ ဆေးထိုးမှတ်တမ်းရေးသွင်းခြင်း ဆောင်ရွက်ပြီး အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ