မိုင်းပန် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများအား မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ဇွန်လ ၂၉ ရက်နေ့ နံနက် ၈နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို (၁)လလျှင်(၂)ကြိမ် တင်ပြလျက်ရှိရာ စာရင်းအင်းကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်၊ တိုက်နယ်တာဝန်ခံ လက်ထောက်ဦးစီးမှူးများ၊ ကျေးရွာအုပ်စုတာဝန်ခံ မြေတိုင်းစာရေးများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးမှူး ဦးတင်ကိုလတ်ထံမှ သိရှိရသည်။
နော်မှိုင်း(ပြန်/ဆက်)