ဒိုက်ဦး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၁)၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၁ နှင့် ၆၉/၂ ကြားတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့ ပူးပေါင်းဆောင်ရွက်သည့် “စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်၍ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ နယ်မြေခံသစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ပါဝင်သည့် စုစုပေါင်း(၁၅၀)ဦးတို့ဖြင့် ပျဉ်းကတိုး(၈၀၀)ပင်၊ ပိတောက်(၄၀၀)ပင်၊ သင်္ကန်း(၂၀၀)ပင်၊ တမလန်း (၁၅၀)ပင်၊ ယမနေ(၄၀၀)ပင်၊ ကညင်နီ (၂၀၀)ပင်၊ မဟော်ဂနီ (၈၀၀)ပင်၊ သပြေကြီး(၂၅၀)ပင်၊ မန်ဂျန်ရှား(၈၂၃)ပင်၊ စုစုပေါင်း(၄,၀၂၃)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)