ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ် အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မြို့ပေါ်ရပ်ကွက်များရှိ အသက် ၂ နှစ်အောက် ကလေးငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညာှ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါများကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း