Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်း
Jul 01,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နေရဉ္ဇယျကျေးရွာ၊ ကွင်းအမှတ်(၄၅၂)တောင်သူ ဦးအေးသိန်း၏ နွေစပါးစိုက်ကွင်းတွင် ရွှေသွယ်ရင်မျိူးစပါးများ စိုက်ပျိူးထားသည့် စိုက်ခင်းနေရာ၌ ယနေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် နတ်စဥ်ကုန်းကျေးရွာ၌ 10–Rows Seeder(မျိုးစေ့ချ)စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
Jul 01,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အမှတ်(၉၈)စက်မှု လယ်ယာစခန်း၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် နတ်စဥ်ကုန်းကျေးရွာ၌ တောင်သူ ဦးအောင်မင်း၏ ကွင်းအမှတ်(၃၃၃)၊ လယ်ယာမြေနှစ်ဧကတွင် 10-Rows Seeder(မျိုးစေ့ချစက်)ဖြင့် တောင်သူများအား မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါလယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jul 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum-Seeder)ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇွန် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသ
Jul 01,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက မင်းဆယ်ကျေးရွာအုပ်စု လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ တာမိုင်(၂/ ၄) မိုင်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်းဆောင်…
Jul 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစ…
Jul 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စား လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ လယ်ယာစိုက်ပျိုးရေး စက်ကိရိယာများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်၊ စံပြစမ်းသပ်ကွက်များအတွက် ဓာတ်မြေဩဇာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5572
Page
5573
Page
5574
Page
5575
Current page
5576
Page
5577
Page
5578
Page
5579
Page
5580
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department