အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီ အချိန်ကဇာတိမာန်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
Apr 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်၊ကုန်သည်လမ်း၌ မြန်မာရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ လှိုင်းဘွဲမြို့သူ၊ မြို့သားများက စုပေါင်းကျင်းပခဲ့ကြသည်။
Apr 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၁၃၈၅ ခုနှစ်၊ အောင်လံခရိုင်၊ အောင်လံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ ၄ နာရီက အောင်လံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် မေတ္တာရေစင်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်မှ နှစ်သစ်ကူးအမှာစကား ပြောကြားပေးခဲ့သည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ခနောင်တို အရှေ့ရပ်ကွက်၊ ဗဟိုလမ်း‌ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ပြည်သူများက မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာစတုဒိသာမဏ္ဍပ်၌ မုန့်လက်ဆောင်းသောက်သုံး၍ ရေကစားမဏ္ဍပ်များဖြင့် ၂၀၂၄ ခုနှစ်၊ ယမန်နေ့ သင်္ကြန်အကြိုနေ့က အတာရေပက်ဖြန်းရင်း ပျော်ရွှင်စွာဖြင့် အတာရေကစားခဲ့ကြောင်း သိရသည်။
Apr 14,2024
ကျောက်တန်းမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ ကျောက်တန်းမြို့နယ် "မှော်ဝန်းရိပ်မြေ" မဟာသင်္ကြန် အတာရေသဘင်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
Apr 14,2024
(၁၃၈၅) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ တပ်နယ်စစ်ဗျူဟာတွင် ကျင်းပရာ စစ်ဗျူဟာ (အခြေချ) (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။