၁၃၈၅ ခုနှစ် အောင်လံခရိုင်၊ အောင်လံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

အောင်လံ ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၁၃၈၅ ခုနှစ်၊ အောင်လံခရိုင်၊ အောင်လံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ ၄ နာရီက အောင်လံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် မေတ္တာရေစင်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်မှ နှစ်သစ်ကူးအမှာစကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ “မြူမှောင်ဝေကင်း”သီချင်းဖြင့် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအဖွဲ့များက မဏ္ဍပ်ရှေ့တွင် ကပြဖျော်ဖြေခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယိမ်းအကအဖွဲ့များအား အတာရေပက်ဖျန်းခဲ့ပြီး ပျော်ရွှင်စွာ ရေကစားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)