ကွမ်းခြံကုန်းနယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီ အချိန်ကဇာတိမာန်ခန်းမရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်အား၊ အမှတ် (၅၃၃) ခြေမြန်တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီးဇင်မင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စိုးစုံ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရဲတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးကျော်သူရတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါကွမ်းခြံကုန်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်း များနှင့်ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍သင်္ကြန်ပွဲတော် ကိုအေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)