အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာတွင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော်အနုပညာရှင် (၁၉) ဦးနှင့် သင်္ကြန်ယိမ်းအကများ၊ တပင်တိုင်အကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေမှုတို့အား သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီးထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၌ နေ့စဉ်နိုင်ငံကျော် ရုပ်ရှင်မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ အကြိမ်(၅၂)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ဧပြီ (၉) ရက် နေ့လယ်(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် ဦးစီးကော်မတီတို့တွင်ပါဝင်သော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများပူးပေါင်းမှုဖြင့် ဗဟိုမဏ္ဍပ်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စေတုတ္တရာမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့ မြို့လမ်းမတော်လမ်းတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန့်မာရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။